Special promise
Photo from facebook
တို့တွေ အရင်ကဆုံ ခဲ့လို့ အခုလဲ ဆုံရပြန်တယ်...
နောက်လဲ ဆုံမယ့် အကြောင်းတရား တွေကို သေချာဂရုတစိုက်
စိုက်ပျိုးမယ်..
မင်းသည် ကို မမြင်နိုင်ဆုံး..အနိစ္စ
မင်းသည် ကို ဖြတ်ရခက်ဆုံး ကိလေသာ.
မင်း သည် ကို
ကို သည်လဲ မင်း သာ ဖြစ်တယ်..
တို့တွေ နှစ်ယောက်မှ
သုံးယောက်..
လေးယောက်..
ငါးယောက်
ခြောက်ယောက် တွေ ဖြစ်လာတဲ့အခါ..
တိုက်ခိုက်ရ ဖြိုလှဲရအခက်ဆုံး..
အသိုက်အမြုံ တစ်ခု ဖြစ်အောင်..
ကို့နှလုံးသွေး နဲ့ စည်းချ မယ်..
အခက်အခဲ အကြပ်အတည်း ဒုက္ခသုက္ခ တွေ..
အိမ်ရှေ့တံခါး လာ ခေါက်တဲ့ အခါ..
အရင်ဆုံးပြေးဖွင့် သူဟာ
ကို သာ ဖြစ်စေပီး..
ပျော်ရွှင်ကြည်နူးမှုတွေ..အိမ်အလည်လာတဲ့အခါ..
မင်းတို့ရဲ့ နောက်က နေရာယူမယ်..
တို့ နှစ်ယောက်လက်တစ်စုံ သည်..တွဲခြင်း..ဆက်ခြင်း..
ချည်နှောင်ခြင်း မရှိတဲ့..ပကတိတစ်သားတည်း..ဖြစ်စေရမယ်..
ဒါဟာ ကတိ ဆိုတာထက် ပိုတဲ့
ချစ်ခြင်း က စေခိုင်းတဲ့..
မင်းအတွက် သီးသန့်ဝန်ဆောင်မှုသက်သက် သာဖြစ်တယ်.
@aungthetpysoe

Comments (0)
No comments yet. Be the first to share your thoughts.